Moe Ah San

Phone Email Facebook

Acid Bac Plus

Acid Bac Plus

Preservative-Acidifier Premix

ဆေးပါဝင်မှု

Combination of orthophosphoric, Formic, Propionic, Citric, Fumaric, Malic,
Lactic acids နှင့် Calcium propionate with antiurease saponins တို့ပါဝင်သည်။

ဆေးအညွှန်း

“Feed Acidifier” သေချာစေရန် Orthophosphoric acid ကို အသုံးပြုပြီး(ဘက်တီးရီးယား + မှို) ၂ မျိုးလုံးအပေါ် နှိပ်ကွပ်နိုင်စွမ်းမြင့်မားသော Organic Acid combination ဖြင့် တွဲစပ်ပေးထားပါသည်။ ဤဆေး၏ စွမ်းဆောင်ရည်မှာ Protein digestion ကို တိုးမြှင့်စေပြီး မကြေဖျက်နိုင်သော အသားဓာတကျန်ရှိမှုကို လျော့ချခြင်းနှင့် Undigested Nitrogen Compound တို့မှ အမိုးနီးယားအဖြစ် ပြောင်းလဲနှုန်းကို "Antiureasic Factor" ဖြင့် ထပ်ဆင့်ထိန်းချုပ်ခြင်းနည်းများဖြင့် ထပ်မံအားဖြည့်၍ အကောင်းဆုံးအဆင့်သို့ ရောက်ရှိစေကြောင်းတွေ့ရပါသည်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၁ မှ ၂ ကီလိုဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain

Oxy Pro

Oxy Pro

(Oxytetracycline Premix 10%)

ဆေးပါဝင်မှု

Oxytetracycline 10% ပါဝင်သည်။

ဆေးအညွှန်း

Broad Spectrum Antibiotic ပိုးသတ်ဆေးဖြစ်သည်။ ကြက်များ၌ ဖြစ်သော အသက်ရှူလမ်းကြောင်းရောဂါ၏ နောက်ဆက်တွဲပြဿနာများကို တားဆီးရန်/ ကုသရန် အသုံးပြုသော အစာစပ် OTC ဖြစ်ပါသည်။

ဆေးသုံးစွဲနှုန်း

100 - 500 g/Ton feed for growth promoting (every day)
1 - 3 Kg/Ton feed for Prevention & Treatment (7 - 14 days)

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - China

Tylo Max

Tylo Max

(Tylosin Phosphate Premix 10%)

ဆေးပါဝင်မှု

Tylosin Phosphate 10% ပါဝင်သည်။

ဆေးအညွှန်း

gm(+) Bacteria နှင့်Mycoplasma ရောဂါပိုးများအပေါ် ပိုမိုအစွမ်းပြနိုင်သော ဆေးဖြစ်၍ NE (အူရောင်နာ) နှင့် CRD (နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါများ) ပိုမိုအဖြစ်များသည့် မျိုး ကြက်၊ ဥကြက်၊ အသားတိုးကြက်) အစာများ၌ မပျက်မကွက် ထည့်စပ်ပေးရန်ဖြစ်သည်။

ဆေးသုံးစွဲနှုန်း

40 - 500 g/Ton feed for growth promoting & improved feed efficiency.

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ -  China

Chlorguard

Chlorguard

(C.T.C 20%)

ဆေးပါဝင်မှု

Chlortetracycline 20% ပါဝင်သည်။

ဆေးအညွှန်း

ကြက်တွင် အဖြစ်များသော Salmonella, E-coli, NE, Fowl Cholera နှင့် -Infectious Synovitis တို့ကို လွှမ်းခြုံ "ကာကွယ်/ကုသ" ပေးနိုင်စွမ်းရှိသည်။ (အစာစပ်သုံးCTC 20%) ဖြစ်ပါသည်။

ဆေးသုံးစွဲနှုန်း

ကြီးထွားတိုးရန် - 100-250 g/Ton feed (နေ့စဉ်)
ရောဂါကာကွယ်ရန် - 250-750 g/Ton feed (၁၄ ရက်)
ရောဂါကုသရန် - 1000-2000 g/Ton feed (၇ ရက်)

ထုတ်ပိုးပုံ - ၂၀ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - China

Cox Rival

Cox Rival

ဆေးပါဝင်မှု

Salinomycin sodium 12% ပါဝင်သည်။

ဆေးအညွှန်း

သွေးဝမ်းရောဂါ ကာကွယ်ဆေးအဖြစ် အစာတွင်ထည့်စပ်ရမည့် ဆေးဖြစ်သည်။ ဤဆေးက "သွေးဝမ်းပိုး" ၏ ဘဝသံသရာ (Life-cycle) အဆင့်တိုင်းတွင် ထိုးနက်နိုင်စွမ်းရှိသဖြင့် အသားတိုး၊ ဥစား၊ မျိုး ကြက်စာမှန်သမျှ၌ မပျက်မကွက် ထည့်စပ်ရန်ဖြစ်သည်။

ဆေးသုံးစွဲနှုန်း

500 g/Ton of feed in Chicken feed.

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - China

Kem Trace (Chromium Propionate)

Kem Trace (Chromium Propionate)

ဆေးပါဝင်မှု

Organic Chromium ဓာတ်ဆား အဓိကပါဝင်သည်။

ဆေးအညွှန်း

အဓိကအစွမ်းသတ္တိမှာ Stress Overcoming Power မြင့်မားစွာ ပိုင်ဆိုင်ထားခြင်းပင်။ ခန္ဓကိုယ်တွင်းရောက်ရှိလာသည့် Glucose" ဓာတ်မှ "Vit C" အဖြစ် ပြောင်းလဲ အသုံးချနိုင်စွမ်း မြင့်မားခြင်း၊ သွေးတွင်းရှိ "ခုခံစွမ်းအားပစ္စည်း" (Lyphocytes) များ လျှင်မြန်စွာ ပွားများစေနိုင်ခြင်းနှင့် Stress ဒါဏ်ဖိစီးမှု ရှိနေသည့်တိုင်အောင် Corticosteroid Stress Hormone များ မြင့်တက်မလာအောင် ထိန်းပေးနိုင်စွမ်းရှိခြင်းတို့ကြောင့် Heat stress/ Cold stress နှင့် Management error stress များအား "တွန်းလှန်/ကာဆီး" ပေးရန် အသုံးပြုပါသည်။

ဆေးသုံးစွဲနှုန်း

400 g/Ton (အစာတွင် စပ်ပေးရန် )

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - USA

Kemzyme Map

Kemzyme Map

A dry stabilised source of enzymes for use in animal feeds.

ဆေးပါဝင်မှု

Xylanase & Pectinase Complex, Cellulase, Protease, Beta Glucanase နှင့် Alpha Amylase တို့ပါဝင်သည်။

ဆေးအညွှန်း

ရောင်းတန်းအစာ (Commercial Feed) ထုတ်လုပ်ရာတွင်- (အစာကုန်ကြမ်း ရနိုင်ခြေ/ ဈေးနှုန်းအတက်အကျ/ ဈေးကွက်ယှဉ်ပြိုင်မှု/ ဈေးကွက်တောင်းဆိုမှု)တို့အပေါ် မူတည်၍ ဖော်မြူလာ အချိန်းအပြောင်း မကြာခဏလုပ်ပေးရသဖြင့် အစာကုန်ကြမ်း အမျိုးမျိုးနှင့် "ယေဘုယျ" လိုက်ဖက်မည့် (Multi Enzyme Cocktail formula) ကို ချိန်ဆသုံးစွဲရန်လိုပါမည်။ "Kemzyme Map" မှာ ထိုအမျိုးအစားဖြစ်ပါသည်။

ဆေးသုံးစွဲနှုန်း

Use at the rate of 500 g/Ton of feed.

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - USA

Kemzin 2000

Kemzin 2000

ဆေးပါဝင်မှု

Zinc Propionate, Sodium Chloride နှင့် Silica တို့ပါဝင်သည်။

ဆေးအညွှန်း

(အရေပြား ကျန်းမာရေး-ကိုယ်ခံအားမြှင့်တင်ရေး-ဥခွံအရည်အသွေး မြင့်မားရေး-မျိုးအောင်နှုန်း ကောင်းမွန်ရေး) တို့အတွက် သာမန်လိုအပ်ချက်ထက် ပိုမိုထပ်ဆောင်းပေးရန် အမြဲလိုအပ်နေသည့် Zinc ဓာတ်ကို "စုပ်ယူမှု ပိုကောင်း/ အလေအလွင့်မရှိစေရန်" Organic form ပုံစံပြောင်းပေးထားသည့် အစာစပ်ဆေးဖြစ်သည်။

ဆေးသုံးစွဲနှုန်း

Poultry : 200 g/ Ton of feed
Swine : 180 - 400 g/ Ton of feed

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - USA

Butipearl

Butipearl

ဆေးပါဝင်မှု

Butyric acid calcium salt, Hydrogenated vegetable oil နှင့် Flavour တို့ပါဝင်သည်။

ဆေးအညွှန်း

"အငွေ့ပျံလွယ်-အနံ့ပြင်းလွန်း" သည့် Butyric acid ကို Calcium ဓာတ်ဖြင့် ပေါင်းစည်းထိန်းချုပ်၍ အစာခြေ အူလမ်းကြောင်း တစ်လျောက်လုံး ပုံမှန်အလုပ်လုပ်စေမည့် Slow Release ပုံစံ ဖန်တည်းထားခြင်း ဖြစ်သည်။ အူလမ်းကြောင်းနံရံ အမြှေးပါးများ ပိုမိုဖွံ့ ဖြိုးပြီး အစာစုပ်ယူသုံးစွဲမှု ပိုကောင်းစေရန်လည်းကောင်း၊ ပူးတွဲပါ Calcium ဓာတ်ကို အသုံးချ၍ ဥကြက်မအိုကြီးများတွင် ဥခွံအရည်အသွေး ပုံမှန်ထိန်းပေးရေးအတွက်လည်းကောင်း အစာတွင် စပ်ပေးနိုင်ပါသည်။

ဆေးသုံးစွဲနှုန်း

Piglets 0.3 – 1.5 Kg/ Ton of feed
Laying hens 0.2 – 0.3 Kg/ Ton of feed
Broilers 0.2 – 0.3 Kg/ Ton of feed

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - USA

Bio Curb

Bio Curb

Inhibits urease activity, binds ammonia and improves palatability of feeds.

ဆေးပါဝင်မှု

Natural Extract of Yucca Schidigera, Powerful Flavour နှင့် Sweetener တို့ပါဝင်သည်။

ဆေးအညွှန်း

မွေးမြူရေးခြံမှ "ညစ်ညမ်းဓာတ်ငွေ့" (အမိုးနီးယား) ထွက်ရှိမှု ပြဿနာကို ကြက်ခန္ဓာကိုယ်တွင်း ကတည်းက ကြိုတင်ဟန့်တားပေးရန်အတွက် အစာတွင် ထည့်စပ်ရမည့်ဆေးဖြစ်သည်။

ဆေးသုံးစွဲနှုန်း

For Poultry and Swine: 200 - 500 g/Ton of feed
For Ruminants: 500 - 1000 g/Ton of feed

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - USA