Moe Ah San

Phone Email Facebook

About Us

မွေးမြူစီးပွားလောကတစ်လွှားမှ "မိုးအားစံ" ၏ရှင်သန်ဖက်မိတ်ဆွေများသို့ ...

ကျွန်ုပ်တို့ "မိုးအားစံ" တွင် "တည်မြဲမူဝါဒ" သဖွယ် ချမှတ်ပြဌာန်း၍ အမြဲထာဝရ လေးစား လိုက်နာစောင့်ထိန်း လုပ်ဆောင်သွားကြမည့် ဦးတည်ချက် (Goal) ၊ ခံယူချက် (Vision) ၊ လုပ်နည်း လမ်းစဉ် (Mission) နှင့် ယုံကြည်ချက် (Belief) တို့ကို မိတ်ဆွေများထံ အောက်ပါအတိုင်း အသိပေး အကြောင်းကြားလျက် "အကျိုးတူ အနီးကပ်ပွင့်လင်းရိုးဖြောင့်စွာ" လက်တွဲ လျှောက်လှမ်းလိုသည့် ဆန္ဒတူမျှသူ "ရှင်သန်ဖက် မိတ်ဆွေကောင်းများ" အား နွေးထွေးစွာ လက်ကမ်းကြိုဆိုအပ်ပါသည်။

(၁) ဦးတည်ချက် (Goal)

 "ရှင်သန်ဖက် မိတ်ဆွေ" များ အစဉ်တိုးပွားလာစေရေးနှင့် ၎င်းတို့အား တက်စွမ်းသမျှ ကူညီခွင့် ရရှိရေး ဦးတည်သည်။

(၂) ခံယူချက် (Vision)

 "မွေးမြူစီးပွားအလုပ်" ကို စွန့်စားရသောအလုပ် (High Risky) အဖြစ်လည်းကောင်း၊ မွေးမြူသူ အားလုံးတို့အား "လူစွန့်စား" များအဖြစ်လည်းကောင်း
တန်ဖိုးထားဂုဏ်ယူသည့် အမြင် ကြည်လင်စွာထားရှိလျက် အစွမ်းကုန် ကူညီရန်။

(၃) လုပ်နည်းလမ်းစဉ် (Mission)

 မွေးမြူရေးလုပ်ငန်းသုံး အစာစပ်ဆေး၊ ရေဖျော်ဆေးနှင့် ခေတ်မှီအသုံးအဆောင် အပါအဝင် နည်းပညာ ဝန်ဆောင်မှုများကို ရွေးချယ်တင်သွင်းဖြန့်ဖြူးရာ၌
"မွေးမြူသူတို့၏ အကျိုးစီးပွား" ကို ရှေ့တန်းတင်၍ ဆောင်ရွက်ရန်။

(၄) ယုံကြည်ချက် (Belief)

"ရှင်သန်ဖက်မိတ်ဆွေတို့ အောင်မြင်ဖြစ်ထွန်းမှုရှိပါမှသာ ကျွန်ုပ်တို့လည်းအောင်မြင်နိုင်မည်" ဟု ယုံကြည်သည်။