Moe Ah San

Phone Email Facebook

Prosin

Prosin

ဆေးပါဝင်မှု

အစာကြေပျက်နှုန်း ၈၀% ရှိသည့် အသားဓာတ် (Single Cell Protein) ၆၀% ပါဝင်သည်။

ဆေးအညွှန်း

(၁) (ကြက်/ဝက်/ငါး) အစာများတွင် အသားဓာတ် အရင်းအမြစ်အဖြစ် သုံးစွဲရန်။
(၂) Fish meal အစားထိုး သုံးစွဲရန်။

ဆေးသုံးစွဲနှုန်း

Broiler Feed - up to 20%
Layer Feed - up to 10%
Calf Feed - up to 20%

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Korea

Volamel

Volamel

ဆေးပါဝင်မှု

"PEGA"- (Nutritional Emulsifier) ပါဝင်သည်။

ဆေးအညွှန်း

အဆီတို့၏ အစာကြေညက်မှု (Fat Digestibility) ကို မြှင့်တင်ပေးပြီး စွမ်းအင် (ME) ထုတ်လွှတ်ပေးနိုင်စွမ်းကို မြင့်တက်စေပါသည်။ Volamel ထည့်စပ်သောအစာ၌ "ဈေးနှုန်းချိုသာသော" ( FFA မြင့် + U/S Ratio နိမ့်) ဆီများကို အသုံးပြုခွင့် ပိုမိုလာသဖြင့် အစာဈေးနှုန်းကိုလည်း လျော့ချပေးနိုင်ပါသည်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၂၅၀ မှ ၅၀ဝ ဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Belgium

D.C.P (18%)

D.C.P (18%)

ဆေးပါဝင်မှု

(Calcium 21% : Phosphate 18%) ပါဝင်သည်။

ဆေးအညွှန်း

"အရိုးနှင့် ကြက်ဥခွံ သန်မာမှု" စသည့် စီးပွားရေးအကျိုးပြု လိုလားချက်ကို တည့်မတ်သေချာစွာဖြည့်ဆည်းပေးမည့် အန္တရာယ်အကင်းဆုံး Inorganic Macro-Minerals Source ဖြစ်ပါသည်။ ကမ္ဘာ့အဆင့် "မွေးမြူရေးအစာတိုင်း" ၌ (D.C.P 18%) မလွဲမသွေ ပါဝင်နေခြင်းမှာ "အဆီကင်းရှင်း + ပိုးမွှား မစွဲ + စုပ်ယူမှုမြင့်မား" စသည့် အားသာချက်များကြောင့်ပင်ဖြစ်သည်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၂.၅ -၁၀ ကီလိုဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - China

Betaine 80%

Betaine 80%

ဆေးပါဝင်မှု

Betain Anhydrous (80%) ပါဝင်သည်။

ဆေးအညွှန်း

(၁) "ကြက်/ဝက်/ငါး" တို့တွင် အပူဒါဏ် ဖိစီးမှု ဆိုးကျိုးများမှ ကာကွယ်ရန်။
(၂) အစာစပ်သုံး (Methionine) လိုအပ်ချက်၏ (၂၀%)ကို အစားထိုးသုံးစွဲနိုင်ရန်။

ဆေးသုံးစွဲနှုန်း

Broiler/Pig = 0.1 - 0.8 Kg/Ton feed
Layers = 0.2 - 0.5 Kg/Ton feed
Fish = 0.8 - 2.4 Kg/Ton feed
Shrimp = 1.6 - 2.4 Kg/Ton feed

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Thailand

Biacid 100

Biacid 100

ဆေးပါဝင်မှု

အော်ဂဲနစ်အက်စစ် (၄)မျိုး (Formic + Lactic + Butyric + Citric) နှင့် ယင်းတို့၏ ဓာတ်ဆားများကို အခြေခံ၍ essential oils (သစ်ဂျပိုးဆီ) နှင့် တွဲဖက်ဖော်စပ်ပါသည်။

ဆေးအညွှန်း

(၁) အသားတိုးကြက်တို့၏ -အစာစားနှုန်း (Feed intake) ကို တိုးမြင့်စေရန်
(၂) ဥကြက်မအိုကြီးများ (Old Layer) တို့တွင် ဖြစ်လေ့ရှိသော "ကြက်ဥခွံအရည်အသွေး"
ပျက်ယွင်းလာမှုကို ကာကွယ်/ကုသပေးရန်
(၃) အစာတွင် ကပ်ငြိလာနိုင်သော ရောဂါပိုးမွှားများ၏ အန္တရာယ်ကို ဟန့်တားပေးရန်

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၁ ကီလိုဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Thailand

Anizyme PP 2000

Anizyme PP 2000

Phytase enzyme for swine and poultry

ဆေးပါဝင်မှု

ဆေး ၁ ကီလိုဂရမ်တွင် Phytase 2,000,000 IU ပါဝင်သည်။

ဆေးအညွှန်း

တိရစ္ဆာန် ခန္ဓာကိုယ်မှ ထုတ်လွှတ်ပေးနိုင်ခြင်း မရှိသဖြင့် အစာဖော်မြူလာတိုင်း၌ မဖြစ်မနေ ဖြည့်စွက်ပေးရမည့် Phytase Enzyme ဖြစ်ပါသည်။ ဈေးအကြီးဆုံး အာဟာရစာရင်းဝင် (ဖော့စပါးရပ်စ်) ဓာတ်ကို အစာကုန်ကြမ်းများထံမှ ရနိုင်သလောက် ဆွဲထုတ်ရယူ အသုံးချရန် လက်နက်ကောင်း တစ်ခုဖြစ်၏။ Phytase ၏ လုပ်ဆောင်မှုကြောင့် "စွမ်းအင်ဓာတ်/ အမိုင်နိုအက်စစ် နှင့် မင်နရယ်ဓာတ်ဆားများ အပိုဆောင်းရရှိနိုင်သဖြင့် လက်မလွှတ်တန်း သုံးစွဲသင့်ပါသည်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၅၀ဝ ဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၀ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Thailand

Micofung

Micofung

ဆေးပါဝင်မှု

(Propionic acid Calcium propionate, Fumaric acid, Acetic acid, Sorbic acid) + Naturalcitric seed extracts တို့ပါဝင်သည်။

ဆေးအညွှန်း

ဤဆေးသည် "မှိုသတ်" စွမ်းရည်ပိုင်ဆိုင်သော Organic acid များကို အချိုးကျစွာ စုဖွဲ့ထားခြင်းကို အခြေပြု၏။ Propionic acid သည် မှိုသတ်စွမ်းအား အမြင့်ဆုံးဖြစ်ပြီး ဖော်ပြပါ အက်စစ်အားလုံး၏ အားနည်းချက်မှာ "လောင်စားမှု" နှင့် " အနံ့ပြင်းမှု" တို့ပင် ဖြစ်၏။ Mycofung ၏ နည်းဗျူဟာ အားသာချက်မှာ (Propionic acid 50%) နှင့် မှိုသတ်စွမ်းရည် တူမျှသည့် အဆင့်ရရှိစေရန် - (Naturalcitric seed extracts) ကို အစားထိုး အသုံးပြုထားခြင်းအားဖြင့် Acid တို့၏ "လောင်စားမှု/အနံ့ဆိုးမှု" ပြဿနာများကို လျှော့ချပေးလိုက် နိုင်ခြင်းပင်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၁ မှ ၂ ကီလိုဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain

Toxidex

Toxidex

ဆေးပါဝင်မှု

Mycotoxin Destroyer Complex နှင့် Mixture of Activated Sodium Aluminium Silicate ပစ္စည်းနှစ်မျိုး
ပါဝင်သည်။

ဆေးအညွှန်း

Mycotoxin သည် ချေဖျက်ရန် အလွန်ခက်ခဲ၏။ အခြားတဖက်တွင် Toxin မျိုးကွဲအားလုံးကို စုပ်ယူထိန်းချုပ်နိုင်သော Toxin Binded ဟူ၍လည်း မရှိကြောင်း တွေ့ရ၏။ သို့ဖြစ်၍ Mycotoxin တို့ကို ရှေးဦးစွာ ရနိုင်သလောက်ချေဖျက်ပြီး - လက်ကျန်နည်းပါးချိန်တွင် Clay Toxin Binder များဖြင့် ထိန်းချုပ်ရန် ကြိုးစားခြင်း မှာ ထိရောက်မှန်ကန်သော "မှိုဆိပ်ပြဿနာ" ကိုင်တွယ်ဖြေရှင်းနည်းပင်ဖြစ်၏။ Toxidex ၏ နည်းဗျူဟာမှာ ထိုနည်းစဉ်ကို လက်တွေ့ ကျင့်သုံးခြင်းဖြစ်၍ အစွမ်းပြမှာလည်း သေချာ၏။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၁ မှ ၃ ကီလိုဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain

Sylicasil

Sylicasil

ဆေးပါဝင်မှု

Natural Silicate နှင့် Essential Oils တို့ပါဝင်သည်။

ဆေးအညွှန်း

မွေးမြူရေးခြံများမှ အနံ့ဆိုး ထွက်ရှိ (ပတ်ဝန်းကျင်ညစ်ညမ်း)မှု ပြဿနာများ၏ အဓိကအကြောင်းရင်းမှာ (စွန့်ထုတ်အညစ်အကြေး + အစိုဓာတ်များ + ဖွဲခင်းမှ Litter Bacteria) များ ဓာတ်ပြုရာမှ ပေါ်ထွက်လာသည့် (အမိုးနီးယားအပါအဝင် Green House Gases) များကြောင့်ပင်ဖြစ်သည်။ ထိုသို့မဖြစ်စေရန် Sylicasil ကို အညွှန်းအတိုင်း ဖွဲခင်းထဲသို့ ထည့်ပေးရန်ဖြစ်ပါသည်။

ဆေးသုံးစွဲနှုန်း

100 gm/m2/week နှုန်း ဖြင့် ဖွဲခင်းတွင်ဖြူးပါ။

ထုတ်ပိုးပုံ - ၂၀ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain

Oxidex Premix

Oxidex Premix

ဆေးပါဝင်မှု

Ethoxyquine, Mono & Diglycerides of alimentary fatty acids, Citric acid နှင့် Ortho-phosphoric acid တို့ပါဝင်သည်။

ဆေးအညွှန်း

(အစာကုန်ကြမ်းမှ လာသော အဆီ + ပြင်ပဖြည့်စွက် အဆီ) တို့မှာ Oxidation ခေါ်  "ဓာတ်တိုး/အချဉ်ပေါက်/အနံ့ဆိုးထွက်" စဉ်ဆက်မပြက်ဖြစ်ပြီး စွမ်းအင် (ME) ပေးနိုင်စွမ်းကို ထိခိုက်ကျဆင်းမှများမှ ဟန့်တားကာကွယ်ရန် ဤဆေးကို အစာတွင် ထည့်စပ်ပေးရပါသည်။ "ဓာတုဓာတ်တိုးမှု" ကို ဤဆေးမျိုးဖြင့် မကာကွယ်ပါက အစာရှိဗီတာမင် အာဟာရများ ပျက်ယွင်းခြင်းနှင့် ခန္ဓာကိုယ်ရှိ အရေးကြီးတာဝန်ထမ်းဆောင်ရသူ (Mucosa cell Line) တို့၏ ကြံ့ခိုင်မှုကိုလည်း ထိခိုက်စေမည်ဖြစ်၍ မပျက်မကွက် ထည့်စပ်ပေးသင့်ပါသည်။

ဆေးသုံးစွဲနှုန်း

အစာ ၁ တန်လျှင် ဆေး ၁၂၅ မှ ၂၀ဝ ဂရမ် နှုန်း ရောစပ်အသုံးပြုနိုင်သည်။

ထုတ်ပိုးပုံ - ၂၅ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ -  Spain