Moe Ah San

Phone Email Facebook

Betamint

Betamint

"အပူဒဏ်၊ဝမ်းပျက်သွေးပါအူနာဒဏ်နှင့် မှိုဆိပ်ကြောင့် ကာကွယ်နှုန်းကျဒဏ်" "အထူးကာကွယ်ဆေး"

ဆေးပါဝင်မှု

Betaine, Vitamin C, Electrolytes (K, Na, Mg, Ca) နှင့်  Menthol တို့ပါဝင်သည်။

ဆေးအညွှန်း

(၁) အပူဒဏ်၊ ဝမ်းပျက်သွေးပါအူနာဒဏ်နှင့် မှိုဆိပ်ကြောင့် ကာကွယ်ဆေးအောင်နှုန်း
ကျဆင်းမှုဒဏ် (ဒဏ် ၃မျိုး) တို့ကို ကာကွယ်ပေးနိုင်စွမ်းရှိပါသည်။ (Antistress)
(၂) Broiler များ၌ ရင်အုပ်ကြွက်သား (Breast muscle) ပိုမိုကြီးထွားစေပြီး ကြက်များ
ခရီးဝေးသယ်ဆောင်ရာ၌ ကိုယ်အလေးချိန် လျော့ကျမှု (Weight loss)
နည်းပါးစေပါမည်။ "ရောင်းသူ၊ ဝယ်သူ" နှစ်ဖက်လုံးကို အကျိုးပြုနိုင်သည်။
(၃) အထူးသဖြင့် ခန္ဓာကိုယ်ရှိ (functional cells) အားလုံးတို့၏ ကျန်းမာကြံ့ခိုင်မှုနှင့်
တစ်စုံတရာအပျက်အယွင်း ရှိပါက အမြန်ဆုံးပြန်လည်ပြုပြင်ထူထောင်ပေးနိုင်မှု
(Rapid Turn-Over) နှင့် အထူးသဖြင့် သွေးဖြူဥ (WBC) တို့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမှုတို့အရ ကိုယ်ခံစွမ်းအားနှင့် ကာကွယ်ဆေးအောင်နှုန်း တိုးတက်ရေးအပေါ် အထောက်အကူရစေပါသည်။

ဆေးသုံးစွဲနှုန်း

Preventive Dosage = 1 ml/1Lit Water- (3-5) Days
Control Dosage = 2 ml/1 Lit Water- (3-5) Days

ထုတ်ပိုးပုံ - ၁လီတာဘူး

ထုတ်လုပ်သည့်နိုင်ငံ - Spain

Selevit – Dex

Selevit - Dex

ဆေးပါဝင်မှု

Vitamin E, Sodium Selenite နှင့်  Carrier lacteous တို့ပါဝင်သည်။

ဆေးအညွှန်း

ဗီတာမင် E ချို့တဲ့မှု ရောဂါ ပြဿနာများ၊ မျိုးပွား/ထုတ်လုပ်အခြေအနေ ပျက်ယွင်းမှုများနှင့် ကိုယ်ခံစွမ်းအား၊ ဒဏ်ခံစွမ်းအား ကျဆင်းဆုတ်ယုတ်မှုများကို ဖြေရှင်းပေးနိုင်ပါသည်။ ကာကွယ်ဆေးများ မတိုက်မီနှင့် တိုက်ပြီးချိန်တို့တွင် "Selevit-dex" ၏ အစွမ်း အာနိသင်ကို အသုံးချနိုင်ပါက
"အကျိုးကျေးဇူး" သေချာပေါက် ရရှိနိုင်ပါသည်။

ဆေးသုံးစွဲနှုန်း

ဆေး ဝ.၅ - ၁ ဂရမ် /လီတာ နှုန်း ၊ ၃ - ၅ ရက်ဆက်တိုက်ရန်။
ကာကွယ်ဆေးမတိုက်မီ (၂) ရက်နှင့် တိုက်ပြီး (၂) ရက် အသုံးပြုရန်။

ထုတ်ပိုးပုံ - ၁ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain

Heparrenal

Heparrenal

ဆေးပါဝင်မှု

Vitamin B1, Vitamin B6, Biotin - Vit H, Betaine, Choline Chloride နှင့် Excipient တို့ပါဝင်သည်။

ဆေးအညွှန်း

(၁) "အစာချေလုပ်ငန်း၊ အဆိပ်ဖြေလုပ်ငန်း" တို့ဖြင့် အမြဲဝန်ပိနေ/ဒဏ်ထိနေကြသည့် " အသည်း နှင့် ကျောက်ကပ်" တို့ကို အားပြန်ဖြည့်ပေးရန်။
(၂) ဥ ကြက်မ၊ မျိုးကြက်မကြီးများတွင် အလွန်အဖြစ်များသော "အသည်းအဆီဖုံးရောဂါ
(Fatty Liver) နှင့် ကျောက်ကပ်ပျက်စီးမှုရောဂါ (Nephritis-Nephrosis) တို့ကို
ကာကွယ်ပေးရန်။

ဆေးသုံးစွဲနှုန်း

ဆေး ၁ - ၂ စီစီ/လီတာ နှုန်း ၊ ၃ - ၅ ရက်ဆက်တိုက်ရန်။

ထုတ်ပိုးပုံ - ၁လီတာဘူး

ထုတ်လုပ်သည့်နိုင်ငံ - Spain

Digestivo

Digestivo

ဆေးစွမ်းပိုထက်အောင် စီမံထားသော နောက်ဆုံးပေါ်ဖော်မြူလာ "ရေဖျော် Acidifier" ဆေးရည်

ဆေးပါဝင်မှု

Mixture of organic acids with Orthophosphoric acid excipient နှင့် Anti-ureasic Saponins တို့ပါဝင်သည်။

ဆေးအညွှန်း

  • သောက်ရေပိုက်လိုင်းအတွင်း ခိုအောင်းစွဲကပ်ပွားများနေသော ရောဂါပိုးအရင်းအမြစ်အား သုတ်သင်ရှင်းလင်းပေးခြင်း၊
  • ခံတွင်းမလိုက်၊ အစာမစား၊ စားနှုန်းစံမမီ၊ အစာမကြေလေပွ၊ ဝမ်းမီးရောဂါမှန်သမျှ ကာကွယ်ကုသနိုင်ခြင်း၊
  • ဝမ်းပျက်၊ ဝမ်းလျှော၊ ဖွဲခင်းစို၊ အနံ့ထွက်ခြင်းကို အမြန်ထိန်းချုပ်နိုင်ခြင်း။

ဆေးသုံးစွဲနှုန်း

ဆေး ဝ.၅ - ၁စီစီ / လီတာနှုန်း၊ ၃ - ၅ ရက်ဆက်တိုက်ရန်။

ထုတ်ပိုးပုံ - ၁လီတာဘူး

ထုတ်လုပ်သည့်နိုင်ငံ - Spain

Electro-Dex

Electro-Dex

Corrective Fullfilment For Depleted Electrolytes During Heatstressed & Dehydrated conditions

ဆေးပါဝင်မှု

KCl, NaCl, CaCl2, MgSO4, CuSO4, MnSO4, CoSO4 နှင့် Excipient တို့ပါဝင်သည်။

ဆေးအညွှန်း

(၁) အပူဒဏ်ထိ၍ ရေဓာတ်ခန်းခြောက်မှုကို ကာကွယ်ရန်။
(၂) စွန့်ထုတ်ရေနှင့် ပူးတွဲပါသွား ဆုံးရှုံးမည့်  Electrolytes ဓါတ်ဆားများ ပြန်ဖြည့်ပေးရန်
(၃) အထူးသဖြင့် ပိုတက်စီယံ လွန်ကဲစွာချို့တဲ့မှုကြောင့် "နှလုံးပျက်စီး" ၍
ရုတ်တရက် သေဆုံးမှုများမှ ကာကွယ်ပေးရန်

ဆေးသုံးစွဲနှုန်

ဆေး ဝ.၅ - ၁ ဂရမ် /လီတာ နှုန်း ၊ ၃ - ၅ ရက်ဆက်တိုက်ရန်။

ထုတ်ပိုးပုံ - ၁ ကီလိုဂရမ်

ထုတ်လုပ်သည့်နိုင်ငံ - Spain